Thursday, April 11, 2019

စိန်ခေါ်သံ

စိန်ခေါ်သံ
====

နိုးကြားကတ်ဖိ
ရခိုင်သားတိ --။

ဇန္န၀ါရီလ (၁) ရက် "ရခိုင့်တော်လှန်ရီး" နိ
မင်္ဂလာဟိရေနိ ဘုန်းကြက်သရေဟိရေနိ
နှစ်သစ်မင်္ဂလာ အခါသမယမှာ
မိုးထက်အာကာ ကောင်းခင်ပြာကိုနောက်ခံထား
ရခိုင့်အောင်လံတော်ကို
မတ်မတ်မားမား ရွှင့်ထူကတ်မေ --။

တမိန့်ခံ တသံတည်း
ရခိုင်သားတိအားလုံး စုစည်းညီညွတ်
ရောက်တေနီရာမှာ ရပ်စောက်ရပ်လို့
ကမ္ဘာပထ၀ီမြီကြီး ထိန့်ထိန့်ကြိုးအောင်
စက္ကြာဝဠာကြီးး ထိန့်ထိန့်တုန်အောင်
ရခိုင့်နိုင်ငံတော်သခြင်းကို
ဂေါင်းမော့ရင်ကော့ လက်သီးလက်မောင်းတန်းလို့
မိုးကြိုးပစ်ယှောင် ကြိမ်းဝါးလို့
ဇကုန်အော်လို့ဆိုကတ်မေ --။

ဒီဇင်ဘာလ (၃၁) ရက်နိက
လဒမှိုင်မျက်ရည်ကိုသုတ်
ဝမ်းနည်းလို့  ငိုကျွီးနီဖို့တက်စား
ဖက်ခွက်နယ်ချဲ့အစုတ်ပလုတ်ကို
အရီလှန်လို့ ထူးခတ်ပစ်လိုက်ကတ်မေ --။

ဇန္န၀ါရီလ (၁) ရက်နိ "ရခိုင့်တော်လှန်ရီးနိ" မှာ
သတ္တိဟိကေ ထွက်ပါလတ် --။

(သာလှဦး)
January 1st, 2019 (ရခိုင့်တော်လှန်ရီးနိ) အားကြိုဆိုခြင်း။