Wednesday, February 24, 2021

အားလာကြီး

 အားလာကြီး
=========

ဥနှောက်ကိုသုံးလို့
နှလုံးရည်တိုက်ပွဲ
နွှဲကတ်မည်ဆို
လက်နက်ကိုင်တော်လှန်ရေးမှအပ
တခြားမဟိလတ်။

စစ်ဦးစီးချုပ်လည်းဖြစ်
မရဏာလိုက်ဖို့ကြောက်တေလားမဆိုနိုင်
ကဗျာရွီးဖို့ဆိုဗျာ
(ယနာနာ) နှင့်
ထွက်ပြီးပါလတ်တေ။

မှတပါး အခြားမဟိဆိုကေ
ဘဇောင်ပျင်လို့ ဒူးထောက်တေလည်းမီးခါ
သူ့ကျွန်မခံ အာရကန်
ဒူးမထောက် လက်မမြှောက်
သနတ်မီးပေါက်ဖောက်ဖို့
ဒူးထောက်လေ့ကျင့်ဟာလတ်။

ကြမ်းပိုးကို လိပ်ဖြစ်အောင်
စင်းပြွန်းသီးကို ဓဗြုတ်သီးဖြစ်အောင်
ပစ်သားမဟိပြောတတ်တေ
မတ်ပါးစကို
(အလှပလှ) ရွှီကွပ်ထားဖို့ကောင်းရေ။

သာလှဧူး (မြောက်ဧူး)
Feb 19, 2021 (ကသစ်ဗုဒ္ဓိနိ)

Saturday, February 20, 2021

တော်လှန်ရီး

တော်လှန်ရီး
======


ရခိုင့်တော်လှန်ရီးနိ
ကျင့်ပဝန့်ရေလူမဟိ
လဒမှိုင်နိမှာ
အခြင်းကြီးချငိုလို့
အမောင်ရခိုင်သား
ကောင်းကောင်း ဝမ်နည်းရေလား --။

မျက်နှာဖုံပြာနှင့်
ဂုတ်ကျလို့
ရိနာလိုက်တေ ကြက်ပိုင်ယှောင်
ခပြားသတ်ပစ်လိုက်ချင်ရေ --။

တော်လှန်ပါရေဆိုခါမှ
ချလုံ့တုံလို့
စားပါလီဖိသကာ --။

ကျွန်သက်တမ်းကို
ဂုဏ်ယူဝမ်းမြောက်စွာနှင့်
အထိမ်းအမှတ်ပြုလုပ်ကျင့်ပ --။

ရခိုင်သားမှာ တည့်တည့်မကျ
ချော်ကျ --။

ထိုင်းနိုင်ငံမှာ မြင်လိုက်ရရေ
တတိုင်သားက ကလို့ခုန်လို့
ဗုံတိတီးလို့ နှဲမှုတ်လို့ --။

ကနေဒါမှာ မြင်ရပါသည်
သဘောက်ဖျာထက်
ငုတ်စုတ်ကေ ထိုင်လို့ --။

ဘင်္ဂလားမှာ မြင်ရပါသည်
သျှင်ပြုပွဲကြီး ကျင့်ပလို့ --။

အမောင်ရခိုင်သား
ဇာမှားနီလဲ --။

တော်လှန်ရီးနိဆိုကေ
အထုပ်ပင်ထမ်းထမ်း
ဂျွန်းပင်စိုက်စိုက်
နောက်ကလိုက်ဖို့ --။

ကျင်ကွင်းပိုင်ယှောင်
လောကျိတ်လို့လည်း ကဖို့
မိုးတလင်း ကဖို့ --။

ဇန္န၀ါရီလ (၁) ရက်နိ
"ရခိုင့်တော်လှန်ရီးနိ" ကိုရောက်တိုင်း
ရက္ခိတသွီး ရခိုင်သွီးရို့
ရခိုင်ပြည်ကြီး
လွတ်လပ်ရီးတွက်
ဘုမ္မိနက်သန် တိုင်းနိုင်ငံတွက်
နိုင်ငံတော်အောင်လံကိုရွှင့်
နိုင်ငံတော်တေးခြင်းကိုဆို
မင်္ဂလာဟိရေနိ မင်္ဂလာမိုးထသားမှာ
ကောင်းခင်ပြာကို မျက်နှာပြု
အောင်ဆုပန်ကာ အောင်ပါစီကြောင်း
ဗြိန်းစောင်းသံဟီး
စည်တော်တီးလို့
ရခိုင်သွီးကိုပြကတ်လီ --။ ။

မင်းဗာကြီး (ရခိုင်ပြည်)
Februay 13, 2021 (စနီနိ)
 

ရခိုင်ချစ်

ရခိုင်ချစ်
====

အချစ်ကဗျာ
ရခိုင်စာ စပ်ဆို
ရင်နှစ်ခြမ်း ဗြန်းဗြန်းကွဲလို့
လွမ်းရေမင်းကို။

တယောက်တည်း
မီးတောက်နှင့် မှောက်လဲ
လဲလည်းမထူ
မချိအောင်ပူလို့
ဂြိုးကြူသော် ကြူလည်းမပျော်
လလည်းသာ သာလည်းမထူး
မင်းကိုမျှော်ကေ ဖောင်တော်ဦးမှာ
လီဖြူးဖြူးနှင့် စိတ်ရူးရေ။

ရီပူအိုးကို မီးမှာတည်သို့
ကိုယ်ပူစွာ လူမသိ
လိပ်ပူစွာ လိပ်ရာသိရေ။

စာလည်းမကမ်း ပီမကမ်းကေ
ကျွန်းသားငမန်း
လွမ်းရေဆိုစွာ မယုံပါနှမ်း
လွှမ်းလို့ခြုံသော် မလုံပါနှမ်း
တုံချမ်းချမ်းရေ --။

သာလှဦး (မြောက်ဦး)
February 17, 2021 (ဗုဒ္ဓူးနိ)
 

တောက်ကျာဆောင်း

တောက်ကျာဆောင်း
============


သတ္တိဟိကေ
ဒူးမထောက်ကဲ့ --။

ဒူးထောက်လားခပြီးမှ
ခြင်ထောင်ထဲက
ပစိကိုက်မပြကဲ့ --။

ကတိုးစီးကေလည်းစီး
အဖိုးအခပီးခ --။

ကတိုးလည်းစီး
အဖိုးအခ မပီး --။

တဖက်ကမ်းကိုရောက်စွာနှင့်
ရွာသူကြီးစတိုင်ဖမ်း
နှခွမ်းစူစူ ၀မ်းချေပူလို့
လူကြီးလူကျယ် တတိုင် --။

တော်လှန်ရီးလုပ်တေဆိုပြီးမှ
ဂုတ်ကျနီရေ တတိုင် --။

တော်လှန်ရီးလုပ်တေဆိုပြီးမှ
မျက်နှာလို မျက်နှာရ
သွားဖြဲပြနီရေ တတိုင် --။

ဓမြကို ရှိနီလိုက်
ဦးခိုက်နီရေ တတိုင် --။

ပုတီးစိတ်ကေ စိတ်မရ
ဒေါသထွက်တေ --။

ပေါက်ဆိန်ကျော်သန်းကို သတိရ
နောက်တခေါက်ပြန်လာစီချင်ရေ --။

အနိစ္စ ဒုက္ခ အနတ္တ
ဝိပဿနာရှုမရ
ဒေါသက
လိပ်ဂေါင်းပိုင်ယှောင်ထွက်တေ --။

ရခိုင်သားတိ
တတိုင်သား ဒုက္ခရောက်နီစွာ
သာဓုခေါ်မနီကဲ့ --။

အမှတ်သည်းခြီမဟိ
အပိုင်းပိုင်းပြတ်လားခစွာကိုမိ
မင်းလိုင်စိကို ခဲဝါဆွဲဖို့ကန်နီယာ --။ ။

သာလှဧူး (မြောက်ဧူး)
February 15, 2021 (တလင်္လာနိ)
 

Thursday, February 11, 2021

သောင်းကျန်းသူအဖျက်သမား ဒေါင်းကြက်များ

သောင်းကျန်းသူအဖျက်သမား ဒေါင်းကြက်များ
===========================
 
အာဏာသျှင်နဲ့ပေါင်းဖက်
သောင်းကျန်းခဲ့ကြတဲ့
ဒေါင်းကြက်တွေ
အခုတော့ အကြောင်းမလှ
ချောင်းကျသွားပြီ
ကောင်းကြသေးရဲလား --။
 
(AA) ကို အကြမ်းဖက်သမုဒ်
ပြည်တွင်းစစ်ကို လက်ဝါးကြီးအုပ်ခဲ့ကြတဲ့
ဒေါင်းအစုတ်ပလုတ်တွေ
(အခုတော့) ဒေါင်းမွှေးအနှုတ်ခံလိုက်ရပြီ --။
 
"အာဏာ အာဏာ" နဲ့
ကျီးကန်းလိုအာခဲ့ကြတဲ့
ဒေါင်းယောင်ဆောင်သောကျီး
သွေးချောင်းစီးခဲ့ပြီ --။
 
ခွေးရူးကောင်းစားတမွန်းတည့်
ဝင်လိုက်ထွက်လိုက်နဲ့
အာဏာဆိုတာ
လိပ်ခေါင်းလိုပါဘဲလား
အနိစ္စ ဒုက္ခ အနတ္တ
မိုးကုတ်ဝိပဿနာရှုလိုက်ကြပေတော့
ငပွကြီးတွေ --။
 
ပြည်တွင်းစစ်ရပ်စဲရေးအတွက်
ဂျပန်ပြည်မှာ
ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြတဲ့ ရခိုင်တွေကို
အကြမ်းဖက်သမားလို့
မြန်မာမတွေကို ကချင်ဝတ်စုံဝတ်ပြီး
လော်စပီကာနဲ့ အော်ခဲ့တဲ့ ခွေးသူတောင်းစား
ဖက်ခွက်စားတွေ ကောင်းစားနေသရွှေ့
မြန်မာပြည် မငြိမ်းချမ်းနိုင်ဘူး --။
 
(AA) မကောင်းသလို
မြန်မာစစ်တပ်လည်း အကောင်းမဟုတ်ပါဘူး
ဒေါင်းတွေကော
ကောင်းလို့လား --။
 
မွန်ပြည်နယ်က
ချောင်းဆုံတံတားကိစ္စ
ကယား (ကရင်နီ) ပြည်နယ်က
အောင်ဆန်းရုပ်ထုပြဿနာ
ဒင်းတို့လည်း
အာဏာရှင်တွေဘဲ
ဘာထူးလို့လဲ --။
 
ပျော့အိအိနဲ့
ငပိထက်ဆိုးတယ် --။
 
အောင်ဆန်းကတိမတည်
အောင်ဆန်းရုပ်ထုက တာရှည်
ယတ္တရာချေခဲ့ကြသူတွေ
ကုလားမလက်ညှိုး
သွားကြားထိုးပြီး
နွားရိုးဝါးနေကြသူတွေ
အားလုံး (၀ဋ်) လည်နေကြပြီ --။
 
အာဏာသျှင်နဲ့ပေါင်းဖက်
သောင်းကျန်းခဲ့ကြတဲ့
ဒေါင်းကြက်တွေ
အခုတော့ အကြောင်းမလှ
ချောင်းကျသွားပြီ
ကောင်းကြသေးရဲလား --။
 
ခွေးရူးကောင်းစားတမွန်းတည့်
ဝင်လိုက်ထွက်လိုက်နဲ့
အာဏာဆိုတာ
လိပ်ခေါင်းလိုပါဘဲလား
အနိစ္စ ဒုက္ခ အနတ္တ
မိုးကုတ်ဝိပဿနာရှုလိုက်ကြပေတော့
ငပွကြီးတွေ --။
 
အသေဆိုးနဲ့သေမဲ့
(---) တွေကို
တကယ်ဘဲ ကြိုးလိုက်ချင်ပါတယ်
(---) သားတွေ --။
 
ခိုင်လုံးချော (ရခိုင်ပြည်)
February 12, 2021 (သောက္ကြာနိ)
(74) နှစ်မြောက် ပင်လုံစာချုပ်ချုပ်ဆိုသောနိ အမှတ်တရ ရွီးစပ်သည်။

 

ကြက်ဒေါင်း

 ကြက်ဒေါင်း

====

"အမေစု" "အမေစု" နဲ့
အခုတော့
"လေအု" သွားပြီ..။
 
အပြုတ်ချမယ်တဲ့လား
ဒေါင်းမ မှန်းသိအောင်
ဖင်ထောင်ပြတယ်ပေါ့..။
 
ထနောင်းပင်အောက်မှာ
အညာထွက် ထန်းညက်ခဲကို
အသားကုန် လျက်ကြပေတော့
ငပွကြီးတွေ..။
 
သာလှဧူး (မြောက်ဧူး)
Sep 16, 2020

ဖက်ခွက်တိုင်းပြည်

ဖက်ခွက်တိုင်းပြည်
==========
 
ပြောပြန်ရင်လည်း
အောင်မင်းလွန်ရာကျမယ်
ဘယ့်နှယ်လည်းဗျာ
တတိုင်းပြည်လုံးအပစ်အခတ်ရပ်စဲရေးဆိုပြီး
(AA) မပါဝင်ရ
တကယ့်ကို တရားမျှတတဲ့ ဒီမိုကရေစီပါလား --။
 
အာဏာအစိတ်သား
လွှတ်တော်မှာ အလကားအချောင်ရတာအကြောင်းမဟုတ်
ငြိမ်းချမ်းရေးအလုပ်မှာ
ဝင်ရှုပ်နေတာ ပြဿနာ
စစ်တိုက်မှ ထမင်းစားရ ၀မ်းဝတဲ့လူတွေ
တူရကီနဲ့ အီရန်က
ဗုံးကြဲမယ်လုပ်တော့
ဒူးတုန်နေလိုက်ကြတာ
(သနားစရာ)
ရေစွတ်နေတဲ့ ကြွက်စုတ်ကလေးလိုဘဲ --။
 
ကချင်ကျတော့
ရုရှကပေးထားတဲ့ လေယာဉ်အစုတ်ပလုပ်တွေနဲ့
လက်သံပြောင်နေလိုက်ကြတာ --။
 
ပေးတာယူ ကျွေးတာစား (NCA) ကလည်း
AA, TNLA, MNDAA ကို နောက်ချန်ထားခဲ့
စကောလောက်မှ ဇောက်မနက်တဲ့လူတွေ
အခုတော့ ” ခွဲမထွက်ရ”
လက်ထိပ်အခတ်ခံနေရပြီ
မကြာခင်မှာ ခင်ဗျားတို့လည်ပင်းကို
ကြိုးကွင်းစွပ်တော့မယ်
မသေခင်မှာ
ထမင်းဝအောင်စားထားကြပေတော့ --။
 
သစ္စာဖောက်တွေ မညီညွတ်လို့
အမဲဖျက်ခံနေရပြီ --။
 
ဒေါ်စုကလည်း
မကြာမှီ စင်္ကာပူကို ကျော်တက်မည်တဲ့
လေလုံးကြီးလိုက်ပုံကလည်း
မပြောချင်ဘူး
ဘင်္ဂလားဒေခ်ျလောက်ကိုဘဲ
မှီအောင်လိုက်ကြစမ်းပါ --။
 
“ပြည်ထောင်စု” “ပြည်ထောင်စု” နဲ့
ဘာတခုမှ စောက်သုံးမကျတဲ့တိုင်းပြည်
သွားကြားထိုးတံတောင်
နိုင်ငံခြားက တင်သွင်းနေရတယ် --။
 
(21) ရာစု ပင်လုံညီလာခံလုပ်ပြီး
ငြိမ်းချမ်းရေးကို မျက်ကွယ်ပြုနေရင်တော့
ဖက်ခွက်ပြည်ထောင်စုကြီးလည်း
ပဲပြားနံချပ်လို
တာရှည်ခံပါ့မလား --။
 
ဟုတ်မှလည်း လုပ်ကြစမ်းပါ
ရွှေမြန်မာတို့ရယ်
သိပ်ပြီးတော့လည်း
ဖင်ခေါင်းကျယ်မနေကြပါနဲ့
ဒီလိုဘဲ ကျွဲခြေရာကွက်မှာ
လက်ပစ်ကူးနေကြအုံးမယ်ဆိုရင်တော့
မကြာခင် ကုလားဆီမှာ
ဆီဆွတ်ခံရလိမ့်မယ် --။
 
(မောင်မှန်)(June 11, 2018)(တလင်္လာနိ)
မှတ်ချက်။ ။ (မြန်မာကဗျာ)

 

ဒီပုတ်ထဲက ဒီပဲ

ဒီပုတ်ထဲက ဒီပဲ
===========
 
(မဘသ) မရှိရင်
မြန်မာပြည် ပျောက်သွားမယ် --။
 
(မဘသ) ကို
ဘုရားလို ကိုးကွယ်တယ် --။
 
(၉၆၉) ကို
နေ့စဉ် ထိုင်ရှိခိုးတယ် --။
 
ဒေါ်စု (နဲ့) NLD
ခင်ဗျားတို့အားလုံး ဖောက်ပြန်သွားပြီ --။
 
ငြိမ်းချမ်းရေးလုပ်တာ
(AA) ကို ချန်လှပ်ထားခဲ့
ခင်ဗျားတို့ရဲ့ ငြိမ်းချမ်းရေးက
မျက်လှည့်ပြသလိုဘဲ --။
 
နှစ်ဆယ်ရာစု ပင်လုံညီလာခံလုပ်တယ်
ဘင်္ဂလီကို အကြောင်းပြ လုံခြုံရေးကို အကြောင်းပြ
ပြည်နယ်အဆင့် တွေ့ဆုံဆွေးနွေးပွဲကို
ရက်အကန့်သတ်မဲ့ ရွှေ့ဆိုင်း
ရခိုင်ပြည်မှာ မြောက်ပိုင်းတခုတည်း ရှိတာမဟုတ်
(ဘူးသီးတောင်၊ မောင်တော)
အဲဒီ နှစ်မြို့ထည်း ရှိတာမဟုတ်
(စစ်တွေ) မှာလုပ်လည်း ရတယ်
(ရန်ကုန်) မှာ လုပ်လည်း ရတယ် --။
 
ခင်ဗျားတို့ရဲ့ အကြောင်းပြချက်
ခင်ဗျားတို့ရဲ့ အတွင်းစိတ်ကို
ထင်ဟပ်နေပြီ --။
ကောက်ကျစ်စဉ်းလဲတဲ့ ၀ံပုလွေ
သိုးရေ ဆောင်းထားသလိုဘဲ --။
 
မြေခွေးက
မြက်စားပြနေသလိုဘဲ --။
 
(AA) မပါတဲ့ တနိုင်ငံလုံး
(အပစ်အခတ်ရပ်စဲရေး/ ငြိမ်းချမ်းရေး)
ပြောရရင် မကောင်းဘူး
(-----) ဘဲ။
 
(ဒေါ်စု) တယောက်တည်းကို ပြောတာမဟုတ်
(မင်းအောင်လှိုင်)
ခင်ဗျားလည်း မှတ်ထားပါ --။
 
(ဖက်ခွက်) စိတ်ကို မဖျောက်နိုင်သရွှေ့
အမြဲတမ်း (ဖက်ခွက်ရုပ်) ပေါက်နေမှာဘဲ --။
 
တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး
(AA) ပါလာမလားလို့ ပျော်လိုက်ရတာ
အခုတော့ သဲထဲရေသွန်
ရခိုင်ပြည်ကို မင်းတို့ဆက်အုပ်ချုပ်နေသရွှေ့
(သီပေါမင်း) ကို အင်္ဂလိပ် ကြက်ဖမ်းသလိုဖမ်းသွားတာ
မြင်ယောင်ကြည့်လိုက်စမ်းပါ --။
 
"ပူစပ်စပ်လေး မတွေ့ဘူးလား"
ငြိမ်းချမ်းရေးကို လိုချင်ရင်
မြန်မာပြည်ကို
ကမ္ဘာမြေပုံပေါ်က ပျောက်မသွားစေချင်ရင်
မြန်မာပြည်မှာ
ဗုဒ္ဓသာသနာ မကွယ်ပျောက်စေချင်ရင်
မြန်မာပြည်မှာ
ရွှေတိဂုံဘုရားကို ဆက်ဖူးမျှော်ချင်သေးရင်
မြန်မာပြည်မှာ
မြန်မာလူမျိုးကို မြင်တွေ့စေချင်သေးရင်.....
 
(AA) ကို ရခိုင်ပြည်ကို ကာကွယ်ခွင့်ပြုပါ
ငြိမ်းချမ်းရေးကို ဖိတ်ခေါ်ပါ
နိုင်ငံရေးပြဿနာကို စားပွဲဝိုင်းမှာ အဖြေရှာပါ
ခင်ဗျားတို့အားလုံး (အမြီးမရှိတဲ့) ၀က်ထီးအားကိုးနဲ့
ဆက်ပြီး မိုက်တွင်းနက်နေအုံးမယ်ဆိုရင်
နောက်ဆုံးမှာ
(အားလုံး)(လဋ) စာဘဲ ဖြစ်မယ် --။
 
အပြုသဘော ပြောတယ်
လက်ခံရင်လက်ခံ
လက်မခံရင်
(--------)။
 
ကုလားဆိုးကို
ထိုင်ရှိခိုး
ကုလားမင်း (----)။
 
"မြန်မာလူမျိုးငယ်ဝါဒ"
"မြန်မာဖက်ခွက်ဝါဒ အမြန်ဆုံးကျဆုံးပါစေ"
 
ခိုင်လုံးချော (ရခိုင်ပြည်)
August 3rd, 2017 (ကသစ်ဗုဒ္ဓိနိ)

 

Sunday, February 7, 2021

လေဥဗျိုင်း

လေဥဗျိုင်း
=======
 
အပြုတ်ခြေမှုန်းမယ်နဲ့
ကြုံးဝါးလာခဲ့တာ
ပြည်တွင်းစစ်ကြီးက
အနှစ်ခုနှစ်ဆယ်ကျော်လာခဲ့ပြီ။
 
ကမ္ဘာမှာ မြန်မာဟေ့လို့
ကြွေးကြော်လာခဲ့တာ
အခုတော့ ကမ္ဘာမှာ
ဖာနိုင်ငံဖြစ်သွား
ကောင်းကြသေးရဲ့လား။
 
အဘွာကြီးတက်လာပြန်တော့
ပြည်တွင်းစစ်ငြိမ်းပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ခဲ့တာ
အခုတော့ မြန်မာပြည်ရဲ့ငြိမ်းချမ်းရေးက
ပဲလွှာကြားမှာ ဆားညှပ်နေသလိုဘဲ
ဘွားတော်ကြီးရယ်
ဟုတ်မှလည်း လုပ်စမ်းပါအုံး
ဖုံးဖိထားပေမဲ့ ကုန်းကွကုန်းကွနဲ့
လုံးဝကျက်သရေတုံး။
 
မဟာမိတ် ညီနောင်အဖွဲ့ဆိုလား ဘာဆိုလား
AA ကို မဖိတ်လို့
(၂၁) ရာစု ပင်လုံညီလာခံကို မတက်ရောက်နိုင်ဘူး
ရှင်းရှင်းဘဲပြောလိုက်ပေါ့
အခုတော့ (Covid-19) ကို အကြောင်းပြ
ကိုဗစ်သာမရှိရင် AA မပါလည်း တက်မယ်ဆိုတဲ့သဘောလား
ခင်ဗျားတို့ရဲ့ Policy လား Diplomacy လား
ကျုပ်ကတော့ နားမလည်ဘူး
ဒါပေမဲ့ သဘောပေါက်တာတခုတော့ရှိတယ်
ထိုနည်းလည်းကောင်းတော့ မဖြစ်ပါစေနဲ့။
 
ကိုထူးထူးဟန်ပြောသလို
မြန်မာစစ်တပ်နဲ့တော့ ရင်ကြားစေ့ရေးလုပ်တယ်
တခြားတိုင်းရင်းသားတွေနဲ့
တင်ကြားစေ့ရေးလုပ်နိုင်တယ်
မကြိုက်ရင်လည်း
AA နဲ့ ဖင်ကြားစေ့ရေးလောက်တော့ လုပ်သင့်တာပေါ့။
 
အခုတော့ ဘွားတော်ကြီးရဲ့စိတ်ဓါတ်က
လူမျိုးရေးမုန်းတီးမှုဖြစ်နေပြီ။
ဘုန်းကြီးစာချ
သင်ပုန်းချေပါ
လက်စားမချေပါနဲ့
ခင်ဗျားဘဲပြောခဲ့တာလေ။
အခုလာမဲ့ရွေးကောက်ပွဲမှာ
ခင်ဗျားရဲ့ NLD
တချို့က မွတ်ဒေါင်းပါတီလို့ခေါ်ကြတယ်
မွတ်ဒေါင်းဘဲခေါ်ခေါ်
ဖွတ်ခေါင်းဘဲခေါ်ခေါ် ကိစ္စမရှိပါဘူး
အရေးကြီးတာက
ကြံ့ဖွတ်ကိုတောင် နိုင်မဲ့လက္ခဏာမရှိဘူး။
 
ခင်ဗျားရဲ့ အမာခံဒေါက်တိုင်
ထွန်းအိန္ဒြာဗိုလ်တောင်
ခင်ဗျားကို မထောက်ခံတော့ဘူး
ရှင်းရှင်းပြောရရင်
ဇာဂနာတောင် ခင်ဗျားကိုချဉ်နေပြီ။
 
ဒေါက်တာအေးမောင်ကို ထောင်ထဲထည့်ပြီး
ဒီမိုကရေစီသူရဲကောင်းလုပ်ပြတယ်ပေါ့
Scotlland နဲ့ Spain မှာ
သီးခြားလွတ်လပ်ရေးတောင်းနေတာ
မကြားဘူးလား။
အိပ်ချင်ယောင် ဆောင်မနေစမ်းပါနဲ့ ဘွားတော်ကြီးရယ်
ဒေါက်တာအေးမောင်က
အချုပ်အချာအာဏာအကြောင်းဘဲပြောတာ
ရခိုင်ပြည် သီးခြားလွတ်လပ်ရေးတောင်းနေတာမဟုတ်ဘူး
အချုပ်အချာအာဏာဆိုတာ
ခင်ဗျားတို့ ဗမာတခုတည်းကဘဲ ပိုင်တယ်လို့ မှတ်နေသလား
သီပေါမင်းကို အင်္ဂလိပ်တွေ ဆုံးမလိုက်တုန်းက
မြန်မာတွေရဲ့အချုပ်အချာ
ဘယ်များနာသွားသလဲ။
 
အဖေချုပ်တဲ့ ပင်လုံစာချုပ်
လက်နှီးစုတ်လောက် တန်ဘိုးမရှိတော့ဘူး
သမီးချုပ်တဲ့ ပင်လုံစာချုပ်
ထပိန်စုတ်ဘဲဖြစ်သွားမလား
မျက်လှည့်ပွဲကြည့်နေရသလို
ရင်ဖိုလိုက်တာ။
 
"အမေစု" "အမေစု" နဲ့
အခုတော့
"လေအု" သွားပြီ..။
 
သာလှဧူး (မြောက်ဧူး)
Oct 8, 2020

ပေါက်ဆိန်ကျော်သန်းအမှတ်ရ

ပေါက်ဆိန်ကျော်သန်းအမှတ်ရ
=====================

ဂိုးချေ သီကျလားယာဆိုကေလည်း
ရခိုင့်တော်လှန်ရီးသမိုင်း
ဗလဗွီ ဒေလီက နိုင်ငံရီးသမိုင်းမှာ
နာမည်တလုံးတင်ကျန်ရစ်ခ
ယင်းချင့်က "ပေါက်ဆိန်ကျော်သန်း"
လာမစမ်းကဲ့ နှစ်ခြမ်းကွဲဖို့။
 
ဂိုးချေမဟိယာဖြစ်လို့
အေဂု ကောင်းကောင်း
လိုင်ခြောင်းကျယ်နီကတ်တေ။
 
Facebook ထက်မှာ
ဝက်ခွတ်ဒါးကို ထောင်ပြ
လိုင်သားတက်နီကတ်တေ။
 
ကရာတေးလား Boxing လား
လက်ခြီကားရား
ကျော်သန်းနန့်တွိကေ ဗြားစား
နှစ်ခြမ်းကွဲယာ မှတ်ထား။
 
ပညာဟိပေါရေအရပ်မှာ
ထမင်းချက်ဖို့လူမဟိ
ပေါင်ချေလှုပ်လို့
အုတ်ဖို့အကောင်တိကျည်းယာ။
 
ပညာဟိပေါရေအရပ်မှာ
ကန့်ကွက်တေလူမဟိ
အားလုံး သဘောတူထောက်ခံပါသည်။
 
ပညာဟိပေါရေအရပ်မှာ
အားလုံးမှန်ပါသည်။
ပညာဟိပေါရေအရပ်မှာ
အားလုံး သူရဲကောင်း ရဲရဲတောက်
ကြောက်မွှီးတပင်မပါ
ရန်သူရောက်ကေ ယနာနာ။
 
Project တခု ကျလာကေ
ခွီးပိုင်ယှောင် လုကတ်တေ ကိုက်ကတ်တေ
လုပ်ဖို့ခါ တကောင်ချေလည်း မလာ
အုပ်ဖို့ခါ ပျာယိပျာယာ။
 
စဉ်စားကေ ဒေါသထွက်တေ
ဒူးထောက်လားခကတ်တေ
လွတ်မြောက်လားခကတ်တေ
ပြင်ခံဝတ်လို့ Online ထက်မှာ
မြောက်ကြွ မြောက်ကြွ ဘောရိပြ
ချောတိုင်တက်နီကတ်တေ
အကောင်ကြီးကြီး
နဖူးမှာ စာရွီးထားကတ်တေ
ပညာဟိ သူရဲကောင်း ရဲရဲတောက်
လိုင်ခြောင်းခြောက် လောင်းမှောက်တိကို
(အဂယင့်) ဂိုးချေပိုင်ယှောင်
ပေါက်ဆိန်နှင့်
နဖူးကို နှစ်ခြမ်းခွဲပစ်လိုက်ချင်ရေ။
 
သာလှဧူး (မြောက်ဧူး)
October 19, 2020