ဆီးကဗျာ
Sunday, September 12, 2021
ဆီးကဗျာ
ခေတ်သစ်ရခိုင်စာ
ခေတ်သစ်ရခိုင်စာ
ရူးဖို့ယာ
ရူးဖို့ယာ
=======
မိနှင့်ဘမှာ
တယုတယ တော့လို့ခေါ်ကေ
ပုယေဖ။
မြက်ကောင်းကျွေးလို့ မွီးစပ်ထားရေ
ခြံပေါက်ကေရာလည်း ဂြိုလိမ်
အိမ်မှာဆို ချင်းချင်းချေလည်း အငြိမ်မနီ
ဆလိမ်ခြုံကေ သပေါက်စာခြုံအောက်
ရောက်ပျာလားကေ စားနီရေလား
ရွှီခြီထောက်မှာ
အတောင်ပေါက်လို့ ပျောက်လားခရေ
အပုယေလေ ဖယေမောင်ကြီး
ဖုန်းသျှင်ကြီးကို
မေထွီးယေမှာ အတွက်ရလီ
ဝမ်းနည်းလီ။
စာလည်းမလာ ပီလည်း မကမ်း
သတင်းစကား ဆောင်းပါးမရောက်
စုန်းစုန်းပျောက်တေ။
မိုးသောက်ညဇာ မျှော်ပါသော်လည်း
ပေါ်လို့မလာ
သဘောက်ဖျာမှာ ဘယ်ညာလှူးကေ
ရူးဖို့ယာ။
သားကြီးမောင်ဖြူ
တကြူကြူကေ ငိုတတ်ယာ။
သမီးမေထွီး
ပြိုင်းကြီးပေါက်ကေ လားတတ်ယာ။
သင်္ကြန်လွန်ကေ ပြန်လို့လာလတ်
နဖူးစာမှာ ပါသည့်ဝဋ် ကျွတ်ပါလီ
မေနှင့်မောင်မှာ
မခွဲမခွာ အနှစ်ရာကျော်
ပေါင်းကာဖော်ကေ ပျော်ရစီကြောင်း
ဘုန်းကြီးကျောင်းမှာ ဆွမ်းကြီးလောင်းလို့
ဆုတောင်းကတ်မေ ပုယေ။
သာလှဦး (မြောက်ဦး)
June 17, 2021 (Thursday) (ကသစ်ဗုဒ္ဓိနိ)
Saturday, September 11, 2021
တပင်တိုင်နန်းက ပန်းသဇင်
Monday, June 14, 2021
ဘဲချပ်
ဘဲချပ်
အမိသည်က ကြက်
အဥက ဘဲချပ်ထွက်။
Sunday, June 6, 2021
ရိုးလှသန္တာ
မိုးကြိမ်းသံ
ပဒကာသီးလက်သုပ်
================
Saturday, April 24, 2021
သာလှဦး၏လတ်တလော ကဗျာများ
မတော်လှန်နဲ့"
ငပိအိုးကွဲ တို့အောင်ပွဲ
ငပိအိုးကွဲ တို့အောင်ပွဲ
==============
တပ်မတော်ကို အာခံပြီး
အသက်နဲ့ရင်းလို့
တော်လှန်နေကြတယ်။
Sniper နဲ့ ပစ်ပစ်
လက်ပစ်ဗုံးနဲ့ ပစ်ပစ်
လက်နက်ကြီးနဲ့ ပစ်ပစ်
တပ်မတော်က ပစ်လို့
ရာကျော်မက ထောင်ကျော်သေပါစေ
တပ်မတော် ပြိုကွဲမှာကို
တို့မလိုလား။
တပ်မတော်ကို ငါတို့
အဲဒီလောက်ကိုချစ်တာ
အဲဒီလောက်ကို သစ္စာရှိတာ။
တပ်မတော်ကို ဖြိုခွဲမည့်အကြံ
တို့ လက်မခံ။
တပ်မတော်သည် အမိ
တပ်မတော်သည် အဘ။
တပ်မတော်ကို
စိတ်နဲ့တောင် မပြစ်မှားနဲ့။
တပ်မတော် ကောင်းစားမှ
တိုင်းပြည်ကောင်းစားမည်။
"ရန်" "ငါ" စည်း မပြတ်တဲ့
"ကြက်တောင်မွှေး" တော်လှန်ရေး
မီးမြှိုက်တော့ ညှော်နံ့ထွက်
လေတိုက်တော့ လွင့်ထွက်
စိတ်ပျက်စရာ ကောင်းတယ်။
ငပိအိုးမှာ
အောင်းနေမှတော့
ငပိထောင်းသလို
အထောင်းခံရမှာပေါ့။
သပိတ်မမှောက်နဲ့
ငပိအိုးကို မှောက်ပစ်။
ငပိအိုးကို
ထုခွဲပစ်။
တပ်မတော်သည် ငပိ
တပ်မတော်သည် ငဘ။
တပ်မတော်ကျဆုံး
တို့ခြေမှုန်း။
တပ်မတော်ထောက်ခံ
သဘောက်ကျွန်။
တပ်မတော် အားပေး
စစ်ခွေး။
တပ်မတော်နှင့် လက်တွဲ
လက်ဆွဲသူ
တို့ရန်သူ။
တပ်မတော်ငြိမ်းမှ
မုဒိမ်းငြိမ်းမည်။
တပ်မတော် ပြိုကွဲမှ
အောင်ပွဲရမည်။
"မြန်မာမုဒိမ်းတပ်မတော်အား ဖြိုခွဲပစ်ကြ"
"မြန်မာစစ်အာဏာရှင်စနစ်"
"မြန်မာ အရပ်သားအာဏာရှင်စနစ်" ကျဆုံးပါစေ။
"မြန်မာငပိအစိုးရ အလိုမရှိ"
"ငပိကိုထောင်း စနစ်ပြောင်း"
"ငပိလည်းပုပ် စနစ်ယုတ်"
"ငပိအုပ်စိုး စနစ်ဆိုး"
"ငပိနံနံ မထောက်ခံ" 😀 😀 😀
မောင်ပေါက် (မြန်မာပြည်)
April 10, 2021 Saturday (စနီနိ)
မောင်မိုးပွင့် (ရေကြည်)
မောင်မိုးပွင့်ရေကြည်
ဟောင်တဲ့ခွေး အိုးပွင့်လို့အော်မြည်
ဆော်သည် နာနာမို့
အာအာအာအာအော်သည်
တော်သလင်းလမွေး
ခွေးလေလွင့် ရေကြည်က အိုးပွင့်။ 😀
Sunday, April 11, 2021
လက်ပံအောင်ပွဲ သွီးရဲရဲ
လက်ပံအောင်ပွဲ သွီးရဲရဲ
Saturday, March 20, 2021
ငှက်ပန်ဇင်း
ငှက်ပန်ဇင်း
========
ချောင်းကမ်းထောင့်မှာ
လမုယေ ပင်စောက်
ခေါက်တုန့်ခေါက်ပြန်
လီယာဉ်ပျံယှောင် အတောင်ဖြန့်လို့
မတန့်မနား ငှက်အထာလေ
ဘာသာဘာဝ အစာရဖို့
ငါးရှာစားရေ --။
ဂြိုးယောင်လည်း မကြူတတ်
ဥသြယောင်လည်း မကျူးတတ်
ငှက်ဝါချေပိုင် တွတ်တီတွတ်တတ်
မမြည်တတ် --။
နာမည်က ပန်းဇင်း
ဘ၀က တံငါ
သမုဒ္ဒရာ ၀မ်းတထွာတွက်
သမ္မာအာဇီဝ ငါးရှာစားရေ --။
မြှုံးချေကိုလွယ် ကွန်ချေကိုထမ်း
ဖြားရီခမ်းကေ ငါးဖမ်းရေ --။
တနပ်စာ ၀မ်းစာရကေ
အိမ်ကမယား သမီးသားနန့်
မှိုဟင်းချေကို ငါးပိယေကြူကြူ
ငါးခုံးချေကို အိုးပူယေ ကပ်ကပ်
ခါးသီခါးသပ်
တောကြိမ်ဖူးကို တူးပါလားယောင်
မီးမှာညွှတ်လို့ ငရုပ်သီးစပ်စပ်
တို့စားကတ်တေ ကောင်းကောင်းရေ --။
နက်ဖန်ခါကို ငါကားမသိ
လာဖို့ရက်ကို တွက်လို့မပူ
လပပြင် ကောင်းခင်ဟင်းလင်း
အိမ်တန်းပျင်းမှာ
ဆီးလိပ်ဖွာ လျှိုက်ကာလျှူလို့
လူသူမနီး ကျွန်းတောရွာမှာ
လွန်ချမ်းအီးရေ အီးချမ်းရေ
သာယာအီးလေ သာစွလေ
ရခိုင်သားလေ သာစွလေ --။
(သာလှဦး)(မြောက်ဦး)
August 2nd, 2017 (ဗုဒ္ဓူးနိ)
Sunday, March 14, 2021
ချစ်တေယေဇု
ချစ်တေယေဇု
==========
ရင်မှာလည်း မီးလောင်
ရွာမှာလည်း ခွီးဟောင်။
ချမ်းအီးအီးနှင့်
တရီးနိုးခါ
မိုးလည်းစုန်းစုန်းလင်းလတ်ယာ။
တလင်းပြင်မှာ
နှင်းဖြောက်ဖြောက်နှင့်
ကောက်ရိုးပုံ နွားရုံနားမှာ
မီးလှုံသော်လည်း နောက်ကြောက မလုံ
တစိမ့်စိမ့်ကေ ဖြိန့်ဖြိန့်တုံလို့။
မထူးယာ
ဆောင်းကုန်သော်
နွားကြန်စုံကို ရောင်း၍တာဖြစ်
ပုယေမေကို ကောင်းကောင်းကြိုက်ကေ
ချစ်တေယေဇု
မိဖထံမှာ တင်ကာတောင်း
ပေါင်းကတ်ဖို့ယာ။
စကားကလည်း မတူ
အသားကလည်း မဖြူ
ပရံလူကို မကြည်ဖြူကေ
မေကြီးဖြူမှာ မပူလီကဲ့
မျက်ရည်ယိုပျာ မငိုလီကဲ့
အိမ်ပေါ်ထက်က ချလို့နှင်ကေ
အယင်ပြီးလတ်
မိုးကြိုးပစ်လည်း ပစ်လီပတ်စီ
အချစ်မေလေ ပုယေမေထွီး လှမေကြီးကို
ဘိုးသီးပိုးလို့
ခိုးလီဖို့ယာ --။
အောင်လှခိုင် (ဒိုက်ကလူ)
March 14, 2021 (Saturday) (စနီနိ) (10:54 AM)
Wednesday, February 24, 2021
အားလာကြီး
အားလာကြီး
=========
ဥနှောက်ကိုသုံးလို့
နှလုံးရည်တိုက်ပွဲ
နွှဲကတ်မည်ဆို
လက်နက်ကိုင်တော်လှန်ရေးမှအပ
တခြားမဟိလတ်။
စစ်ဦးစီးချုပ်လည်းဖြစ်
မရဏာလိုက်ဖို့ကြောက်တေလားမဆိုနိုင်
ကဗျာရွီးဖို့ဆိုဗျာ
(ယနာနာ) နှင့်
ထွက်ပြီးပါလတ်တေ။
မှတပါး အခြားမဟိဆိုကေ
ဘဇောင်ပျင်လို့ ဒူးထောက်တေလည်းမီးခါ
သူ့ကျွန်မခံ အာရကန်
ဒူးမထောက် လက်မမြှောက်
သနတ်မီးပေါက်ဖောက်ဖို့
ဒူးထောက်လေ့ကျင့်ဟာလတ်။
ကြမ်းပိုးကို လိပ်ဖြစ်အောင်
စင်းပြွန်းသီးကို ဓဗြုတ်သီးဖြစ်အောင်
ပစ်သားမဟိပြောတတ်တေ
မတ်ပါးစကို
(အလှပလှ) ရွှီကွပ်ထားဖို့ကောင်းရေ။
သာလှဧူး (မြောက်ဧူး)
Feb 19, 2021 (ကသစ်ဗုဒ္ဓိနိ)
Saturday, February 20, 2021
တော်လှန်ရီး
တော်လှန်ရီး
======
ရခိုင်ချစ်
ရခိုင်ချစ်
====
တောက်ကျာဆောင်း
တောက်ကျာဆောင်း
============
Thursday, February 11, 2021
သောင်းကျန်းသူအဖျက်သမား ဒေါင်းကြက်များ
ကြက်ဒေါင်း
ကြက်ဒေါင်း
ဖက်ခွက်တိုင်းပြည်
ဒီပုတ်ထဲက ဒီပဲ