Monday, June 14, 2021

ဘဲချပ်

 ဘဲချပ်

======

အမိသည်က ကြက်
အဥက ဘဲချပ်ထွက်။

ဂတ်ဂတ်ဂတ်ဂတ်
လေးချိုးဒွေးချိုးကဗျာစပ်
ဘဲချပ်။
 
ယခုအခါ
ရခိုင်ပြည်မှာ
လွန်စွာခေတ်စား
ဘဲချပ်ကဗျာများ။
 
ကြက်မပေါက်ဖွား
ဘဲချပ်များ။
 
သာလှဧူး (မြောက်ဧူး)

Sunday, June 6, 2021

ရိုးလှသန္တာ

ရိုးလှသန္တာ
======

ရိုးလှသန္တာ
ပန်းမာလာ
အိမ်ရှိဖက်မှာ စိုက်ကာထားယင့်
ပွင့်လတ်ယင့်။
 
အပွင့်က ဖြူဖြူ
စိတ်လည်းတူကေ မေထွီးဖြူမှာ
စိတ်ထားဖြူ။
 
အညှာက ရဲရဲ
မေထွီးယေမှာ
စိတ်ထားကြီးကေ သွီးရဲရဲ။
 
ရခိုင့်အောင်လံ ပန်းမြတ်မွန်ကို
ပန်ရစီကြောင်း
ဘုရားထံမှာ အဓိဌာန်ပြုကေ
ဆုမွန်တောင်းလည်း ဆုမွန်တောင်း။
 
သာလှဦး (မြောက်ဦး)
June 6, 2021 (Sunday) (တလင်္ဂုနီနိ)

မိုးကြိမ်းသံ

မိုးကြိမ်းသံ
=======

မိုးစက်ကေ ဖြောက်ဖြောက်
ခေါင်မိုးထက်မှာ
ပြောက်ပြောက် ပြောက်ပြောက်ရွာလတ်တေ။
 
အညာရီ ဖြားရီကြီးကြီး
ဒေါက်လျှောက်စီးကေ
တုံးဆွီးတောင်းဆွီး မျိုးလတ်တေ။
 
ဝါဆိုဝါခေါင် ရီဖောင်ဖောင်
ကန်းသားဘောင် ကန်ဘောင်အပြည့်
ရီလည်းဖြိုးဖြိုး
မိုးလည်းကြိမ်းကြိမ်း ကြိုးလတ်တေ။
 
ဝါးတရာကို တောင်းတရာ
တင်းပြည့်စပါး အထွက်ကောင်းကေ
ဈီးကောင်းကောင်းနှင့် မြို့တက်ရောင်းလို့
ဆောင်းလွန်လျှင်
သားသျှင်ပြုပြီး
သံစည်ကြီးကို ညံညံတီးလို့
ရွာနီးရွာနား ပြည်လုံးကြားယောင်
ဝါးပြန်တရာ
စပီကာကို ကျော်ကျော်လည်းဖွင့်
တင်းခွန်ရွှင့်လို့
စင်းပြွန်းသီးနှင့် ဓပြုတ်နှင့်
သင်္ဘောထိုးနှင့် ဝက်သားနှင့်
စဉ်းစားကြံကေ
လယ်ထွန်ယောက်ျား
တလင်းပြင် တောင်ခွင်နားမှာ ကျားလားလားရေ။
 
ဝမ်းစာကလည်း မဖုံ
နွားချေကလည်း ကြုံကြုံ
တမိုးရာ ကုန်ရေ
ကျုပ်ကျွံလို့ နွံနစ်
ပထဝီကိုချစ်လို့
တီဖြစ်လည်းဖြစ်လီပတ်စီ
ကိုယ်ခြီကေ လီမဖြစ်
ဒေမြီကို ငါချစ်တေ။
 
မိုးဖြောက်ဖြောက်နှင့်
ခယောက်ဒယွား
ဒူးထက်တင် လောတင်ကျိတ်ပျာ
တီးတီးပါးပါး
လယ်ကွင်းပြင် တောင်ခွင်နားမှာ
လိပ်တွားတွားရေ
သာယာအီး သာစွလေ
ရခိုင်သားလေ သာစွလေ။
 
သာလှဦး (မြောက်ဦး)
May 31, 2021 (Monday) (တလင်္လာနိ)

ပဒကာသီးလက်သုပ်

ပဒကာသီးလက်သုပ်
================

ဖော်ရွေပျူငှာ လှပစွာဖြင့်
ဆင်ကာဝတ်စား စကားချိုချို
အစ်ကိုမောင်ကြီး အရီးအခင်
မင်္ဂလာပါ သာလီစွပါ လာပါစားပါ
ပဒကာသီး ကောင်းကောင်းမွှီးရေ
မကြီးလက်သုပ် ငရုပ်သီးပေါက်ပေါက်
ချဉ်ရည်သောက်နှင့် ကောက်ညှင်းပေါင်းပါ
ပေါင်းထားပါရေ။ ပျာလာလောင်ပွန်း
ဇွန်းနှင့်စားစား ဟင်းစားအပြည့်
ထည့်ပီးထားရေ အားကေတချက်
Online ထက်ကို တက်ပါလာလတ်
စားပါခလိုက် အမျိုးချစ်တိ။
အောက်မိတမ်းတ သတိရပြီး
ချစ်အားကြီးလို့ တင်ပီးလိုက်တေ
အီးယောင်ဘားဘာ မိဖို့ယေ။
 
ပီးလိုက်ကတ်တေ Like
ချစ်လိုက်ကတ်တေအမျိုး
Comments ပေါင်း သောင်းခြောက်ထောင်
Animations သိန်းသန်းကုဋေ
Hearts ရွီတွက်မရ
ရခိုင်သားတိ ပဒကာသီးလက်သုပ်
ကောင်းကောင်း ကြိုက်မှန်း
အေခုမှ သိရေ။
 
မနာလို ဝန်တိုဖြစ်လို့
တင်လိုက်စွာရာ ငါ့ကဗျာ
တခါချေလည်း Like မရဖူး
သာလှဦးဆို
ရူးလတ်
နဖူးသတ်တေ
ဒူးခတ်တေ
ဘူးကတ်တေ။ 😛 😛 😛
 
သာလှဧူး (မြောက်ဧူး)