Saturday, May 30, 2015

လွမ်းရဓည၀တီ

လွမ်းရဓည၀တီ
=========

မိုးရီချိန်လက်မ (၂၀၀) ကျော်ရွာပြီးကေ
ရီယှားရေ တိုင်းပြည် --။

ဆန်ရီစပါးပေါများလို့
ဓည၀တီလို့ နာမည်ရပြီးကေ
ထမင်းငတ်တေ တိုင်းပြည် --။

စေတီပုထိုးများပြားပြီးကေ
မျက်ပြူးဘုရားပေါရေ တိုင်းပြည် --။

တတိုင်က အမျိုးသားနေ့
တတိုင်က အမျိုးသားနိ
ဘရုသုက္ခတိုင်းပြည် --။

တတိုင်က တန်းခူးလပြည့်ကျော် (၁) ရက်
တတိုင်က ကဆုန်လပြည့်ကျေ် (၁) ရက်
ဝိ၀ါဒကွဲပြားရေ တိုင်းပြည် --။

ရခိုင်ပြည်မှာနီပြီးကေ
ကုလားခွတ်လို့ ထွက်ပြီးရရေ တိုင်းပြည် --။

ရခိုင်ဧက ဒွေးမရ
ကောက်ရိုးမီးတောက်တေ တိုင်းပြည် --။

(မောင်ပေါက်)(ရခိုင်ပြည်)

(၂) နှစ်မြောက် ရခိုင်အမျိုးသာနိအကြို အမှတ်တရ ကဗျာ။

No comments: