Sunday, March 14, 2021

ချစ်တေယေဇု

 ချစ်တေယေဇု
==========

ရင်မှာလည်း မီးလောင်
ရွာမှာလည်း ခွီးဟောင်။

ချမ်းအီးအီးနှင့်
တရီးနိုးခါ
မိုးလည်းစုန်းစုန်းလင်းလတ်ယာ။

တလင်းပြင်မှာ
နှင်းဖြောက်ဖြောက်နှင့်
ကောက်ရိုးပုံ နွားရုံနားမှာ
မီးလှုံသော်လည်း နောက်ကြောက မလုံ
တစိမ့်စိမ့်ကေ ဖြိန့်ဖြိန့်တုံလို့။

မထူးယာ
ဆောင်းကုန်သော်
နွားကြန်စုံကို ရောင်း၍တာဖြစ်
ပုယေမေကို ကောင်းကောင်းကြိုက်ကေ
ချစ်တေယေဇု
မိဖထံမှာ တင်ကာတောင်း
ပေါင်းကတ်ဖို့ယာ။

စကားကလည်း မတူ
အသားကလည်း မဖြူ
ပရံလူကို မကြည်ဖြူကေ
မေကြီးဖြူမှာ မပူလီကဲ့
မျက်ရည်ယိုပျာ မငိုလီကဲ့
အိမ်ပေါ်ထက်က ချလို့နှင်ကေ
အယင်ပြီးလတ်
မိုးကြိုးပစ်လည်း ပစ်လီပတ်စီ
အချစ်မေလေ ပုယေမေထွီး လှမေကြီးကို
ဘိုးသီးပိုးလို့
ခိုးလီဖို့ယာ --။

အောင်လှခိုင် (ဒိုက်ကလူ)
March 14, 2021 (Saturday) (စနီနိ) (10:54 AM)

No comments: