Sunday, June 6, 2021

ပဒကာသီးလက်သုပ်

ပဒကာသီးလက်သုပ်
================

ဖော်ရွေပျူငှာ လှပစွာဖြင့်
ဆင်ကာဝတ်စား စကားချိုချို
အစ်ကိုမောင်ကြီး အရီးအခင်
မင်္ဂလာပါ သာလီစွပါ လာပါစားပါ
ပဒကာသီး ကောင်းကောင်းမွှီးရေ
မကြီးလက်သုပ် ငရုပ်သီးပေါက်ပေါက်
ချဉ်ရည်သောက်နှင့် ကောက်ညှင်းပေါင်းပါ
ပေါင်းထားပါရေ။ ပျာလာလောင်ပွန်း
ဇွန်းနှင့်စားစား ဟင်းစားအပြည့်
ထည့်ပီးထားရေ အားကေတချက်
Online ထက်ကို တက်ပါလာလတ်
စားပါခလိုက် အမျိုးချစ်တိ။
အောက်မိတမ်းတ သတိရပြီး
ချစ်အားကြီးလို့ တင်ပီးလိုက်တေ
အီးယောင်ဘားဘာ မိဖို့ယေ။
 
ပီးလိုက်ကတ်တေ Like
ချစ်လိုက်ကတ်တေအမျိုး
Comments ပေါင်း သောင်းခြောက်ထောင်
Animations သိန်းသန်းကုဋေ
Hearts ရွီတွက်မရ
ရခိုင်သားတိ ပဒကာသီးလက်သုပ်
ကောင်းကောင်း ကြိုက်မှန်း
အေခုမှ သိရေ။
 
မနာလို ဝန်တိုဖြစ်လို့
တင်လိုက်စွာရာ ငါ့ကဗျာ
တခါချေလည်း Like မရဖူး
သာလှဦးဆို
ရူးလတ်
နဖူးသတ်တေ
ဒူးခတ်တေ
ဘူးကတ်တေ။ 😛 😛 😛
 
သာလှဧူး (မြောက်ဧူး)

No comments: