Sunday, September 12, 2021

ဆီးကဗျာ

ဆီးကဗျာ

======

ရခိုင်သားမှာ
တတိုင်က မြန်မာ
ကိုယ့်စာကို မရွီးတတ်
ရွီးခီပြန်ကေလည်း ကျမိကျရာ
ဟထိုးမပါ အောက်ပေါက်နှင့်
ပဲပင်ပေါက်ယှောင် ကောက်ကောက်နှင့်
ကဝိကဝါ။

ရခိုင်သားမှာ
ဘာသာရေးလည်း
ကံဂိုဏ်း ရွှေကျင်ဂိုဏ်း ဒွါရဂိုဏ်း သုဓမ္မာ
အားလုံးမြန်မာ။

ရခိုင်သားမှာ
မြန်မာကို စာသူခိုးလတ်
ရခိုင်ရာဇဝင်စာ
အားလုံးမြန်မာ။

ကြမ္မာဒိုက်ဝတ္ထု
ဗဟုသုတဖြစ်
ဖတ်ကြည့်သောအခါ
ဘိုးတော်ဗွေတော်ဆရာ
အားလုံးမြန်မာ။

ရခိုင်ကျောက်စာပေါင်းချုပ်
ထွက်က ထွက်ယင့်
လောင်းကြက်တောင်မော်ကျောက်စာမပါ။

ရခိုင်သမတိလည်း
ရိုးရာကို အမှည်ရှာ
ရင်ဖုံးအမဲနှင့်
ဂေါင်းထက်မှာ ဆံထုံးပိဿာလောက်နှင့်
နောက်က ကြက်မောက်နှင့်
နွားဂါရီခေတ်က မလွတ်မြောက်
နတ်ကောင်းမတိကျည်းယာ။

ရခိုင်သားမှာ
လဒမှိုင်နိကို
ပျော်ကြီးကျ ကျင့်ပ
တော်လှန်ရီးနိကျ
ဖဲဝိုင်းထက်မှာ။

နာမည်က ရခိုင်မဂ္ဂဇင်း
ထွက်လာခါ အားလုံးဗမာ။

ဘုရားတိလည်း
ကောင်းကောင်းထူးထူး
မျက်စိပြူးတူးပြာတာ။

လက်မျောက်သောအခါ
UNESCO စာရင်းဝင် မလာ။

ရခိုင်သား၏ဝမ်းတွင်းပါ
ဘဝင်မြင့်ရောဂါ
ကုရာနတ္ထိ ဆီးမဟိပါ။

ကြောင်ပိုင်ယှောင် ပြာဖုံးထားလို့
ရောဂါ မကင်း
ရက်ပြတ်ကျည်း ဂေါင်းမော်နီခါ
တက်မိလို့နင်း
နဖူးကို ပေါက်ဆိန်ကျမှ
သွီးတဖြင်းဖြင်း။

မယှင်းပါလီ ကျင်းပါလီ
ငယက်ဖြူကို ပြာပူပွတ်ယှောင်
ဖြတ်ဖြတ်လူးကေ လှူးကတ်လီ။

မလင်းပါလီ ဝင်းပါလီ
ရောင်ဖြူလာကေ အာရုဏ်ဦးမှာ
ငှက်တော်ကျူးကေ မြူးကတ်စီ။

(သာလှဦး)
September 6, 2021 (Monday) (တလင်္လာနိ)

No comments: