Friday, March 27, 2015

အမောင်ယခီး

အမောင်ယခီး
========

ဘယာစီယာဝတ်လို့
ရီကူးဘောင်းဖီနန့်
ခရမ်းသီးဇတ်မှာ
ဝါ၀ါနိုင်ချိတ်ခါ
ပရိသာတ်က အားပါ

ခေါင်းချေငေါက်စောက် ထောင်လို့လာ --။

အားနာပရ
ရခိုင်သားရဲသားက
ထိုင်ပါပြောခါ နားမထောင်
(ဟေ့ကောင် ယခီး)
တချက်ငေါက်လိုက်စွာနန့်
အမောက်ချေ

ဂေါက်ကျလားရေ --။

တရားသံဝေဂ
ရဖို့ကောင်းရေ --။ ။

(သာလှဦး)


မူရင်း၊ ၊ မီးမှုတ်ကျင်သန်ကဗျာပျောက်လားခလို့ မှတ်မိသလောက် ပြန်ခံစားပြီးကေ ရွီးလိုက်တေအတွက် မူရင်းကဗျာနှင့် တိုက်ဆိုင်ကြည့်ကေ ဇာကွာလဲ သိနိုင်ပါသည်။

No comments: