Friday, March 27, 2015

ရိုးလှသန္တာ (နှင့်) သဇင်

ရိုးလှသန္တာ (နှင့်) သဇင်
 =============

သဇင်ထက်
ရိုးလှသန္တာကို ပိုချစ်တေ --။

ဇာဖြစ်ဆိုကေ
ရိုးလှသန္တာ အညှာအနီနန့်
ပွင့်ချပ်ဖြူရေ
ရခိုင့်အောင်လံတော်ကို
ဖော်ကျူးနီစွာဖြစ်တေ --။ 


အခုခေတ် သဇင်က
ဇတ်ပျက်ပျာယ်
အိမ်နောက်ဖေးမှာ ဘောက်သာဆိုးနန့်
နွားချီးအုံလို့ ပွင့်စွာများရေ --။

ယေဇူး
တချက်လီသလပ်စွာနန့်
ဘောက်သာဆိုးနောက်
ကောက်ကောက်ပါလားရေ --။

သဇင်သဇင် အမွှမ်းတင်
သဇင်လီပင့်
ဖုန်းဆိုးတောမှာ ပြာဆိုးရွှင့် --။

ရိုးလှသန္တာ အညှာနန့်
ပန်ရေလူမှာ ရည်းစားနန့်
သူ့ရည်းစားက ရခိုင်သား
ရာမောင်ကမ်းက မင်းပြားသား --။ ။

(သာလှဦး) 

No comments: