Sunday, February 24, 2019

နတ်ကောင်းမ

နတ်ကောင်းမ
=========

ရိုးရာရိုးရာ စဉ်အလာဟု
သူငါစကား ဆိုပါငြားလည်း
စဉ်းစားဝေဖန် သင့်ချိန်တန်၏ --။

ဆံထုံးကြီးကြီး ဓပြုတ်သီးသို့
အုန်းသီးသို့ယှောင် အိုးခွက်ယောင်သို့
ဆောင်သူမလီး မြင်သူလီး၏ --။

ခါးကအစွန် နောက်ကိုလှန်၍
ကော့လန်ကောက်လောက် အချွန်ပေါက်၏ --။

တခါလာလည်း အမည်းရင်ဖုံး
မပြတ်သုံးသော် မုန်းသူမကန်
တိုင်းထက်လွန်၏ --။

ချဉ်ပေါင်ဟင်းရည် သောက်ကောင်းကေလည်း
လှဲလှယ်မဟိ နိတိုင်းစိလျှင်
ပို့ဘိသောခါ ဆရာတော်လေ
ရွာကကျောင်းသျှင် အလျှင်ထွက်ပြီး
မြို့ကိုဗြီးသို့
မယ်ထွီးရိုးရာ စဉ်အလာလေ
ဆိုပါသော်ငြား ညီး၍လားသည်
နွားဂါရီခေတ်မှာ ကျန်ခယာ --။

(သာလှဧူး)

No comments: