Sunday, February 24, 2019

ဇန္န၀ါရီလ (၁) ရက် "ရခိုင့်တော်လှန်ရီးနိ" တပ်လှန့်သံ

ဇန္န၀ါရီလ (၁) ရက် "ရခိုင့်တော်လှန်ရီးနိ" တပ်လှန့်သံ
====================================

ငပိန်ငညှောင် အကောင်
AK47, M16, RPG
လောင်ချာကျည်သီးတိကို မထမ်းနိုင်
တမတ်သားမစီးရေ
ကလောင်ကိုတောင်က အနိုင်နိုင်
ယိုင်တိယိုင်တိုင် လေးဟပ်ယိုင်လို့
Mouse ကိုရာ သံချပ်ကားကားထင်မှတ်
မလွတ်တမ်း ဒရစပ် တန်းသီပြတ် ပစ်ခတ်
ထမင်းညီးလို့ အီးယောင်ကိုအောင့်မိကေ
ဂေါင်းကိုတချက်ဖော်ကြည့် --။

Russia က ထုတ်တေ Helicopter
China က ထုတ်တေ Jet တိုက်လီယာဉ်နှင့်
ဗုံးကြဲလို့မရ ဖက်ခွက်သားကျတိ
ကောင်းကောင်းဂွကျရေ --။

“အ၀စား ငါးကျပ် ရခိုင်မပါ” လတ်
မင်းအောင်လှိုင်၏နိုင်ငံရေး
နိုင်ငံတော်အတိုင်အပင်ခံကလည်း
အေအတိုင်းငြိမ်ကြည့်နီရေ
တပုတ်တည်းပဲ တကိုင်တည်းငပိ
(DNA) ချင်းတတူတူ
ရီမစွတ်သိမ့်လို့
ရီစွတ်စွာနှင့် ချက်ချင်းအညှောက်ပေါက်ဖို့
ပဲပင်ပေါက်ပိုင် ကောက်လို့လိမ်လို့ -။

“အ၀စား ငါးကျပ်” ၀အောင်ရာစားထား
လောင်ပွန်းမဆီး ပျာလာမဆီး
ဇူဇကာ ပုဏ္ဏားပိုင် ၀မ်းချေထီးထီးနှင့်
အစာဖီးတက်လို့နီကတ်
ဒါးနှောင့်နှင့် မင်းရို့တိဂေါင်းကို ဆောင့်ဖို့
တလက်မချန်ထားရေ
ဇာခါလည်း အခဲမကြီ --။

ရာဇ၀င်ရိုင်းရေ
“ချစ်ကြည်ရေး” “ချစ်ကြည်ရေး”
“ငြိမ်းချမ်းရေး” “ငြိမ်းချမ်းရေး”
နွားကို ပလာတာကျွေး
သီပေါမင်းကို အင်္ဂလိပ်တိ ပေါင်မုန့်ကျွေးယှောင်
ကျွေးမှ အတန်ကျဖို့
မဟုတ်ကေ မမှတ်
ခြီမျက်စိလောက်
ဇောက်မနက်တေ အကောင်တိ
သီရာသီဖို့ ၀မ်းကျမတန့် --။

ကျွဲလူးအိုင်မှာ ဖြုတ်ကိုက်နီကေလည်း
ဖားပြုတ်ကေပိုင်
ကိုယ့်စွာကို ခြင်္သေ့ယောင်ထင်မှတ်
လိုင်သားတက်နီကတ်တေ --။

ရာဇ၀င်ထဲက ဖားပြုတ်ကေဆိုစွာ
ဇာသူတဦးတယောက်ကိုမပြော
အေအကောင်တိကို ပြောစွာ --။

သန်းခေါင်ထက် ညည့်မနက်ပါ
သန်းခေါင်ပြီးလျှင် အမှောင်ကွယ်ပျောက်
အလင်းရောက်အံ့ --။

ဒီဇင်ဘာ (၃၁) နှင့်မပြီးသိမ့်
ဇန္န၀ါရီလ (၁) ရက် “ရခိုင့်တော်လှန်ရီးနိ” မှာ
ရခိုင်သားတိ ဂုတ်စိုက် ငိုက်လို့မနီကဲ့
ဘ၀ကိုသိ မမိမပျောက်
ကျွန်သဘောက်ဘ၀ လွတ်မြောက်ရဖို့
ထလို့တော်လှန် အောင်ပွဲခံကတ်
အောင်လံကိုထမ်း ချီတက်လှမ်းကတ်
အောင်ပန်းတိုင်သို့ရောက်စီသတည်း။ ။

(၀ရင်းတုတ်)
January 1st, 2019 (Arakan Revolution Day)

No comments: