Sunday, February 7, 2021

လေဥဗျိုင်း

လေဥဗျိုင်း
=======
 
အပြုတ်ခြေမှုန်းမယ်နဲ့
ကြုံးဝါးလာခဲ့တာ
ပြည်တွင်းစစ်ကြီးက
အနှစ်ခုနှစ်ဆယ်ကျော်လာခဲ့ပြီ။
 
ကမ္ဘာမှာ မြန်မာဟေ့လို့
ကြွေးကြော်လာခဲ့တာ
အခုတော့ ကမ္ဘာမှာ
ဖာနိုင်ငံဖြစ်သွား
ကောင်းကြသေးရဲ့လား။
 
အဘွာကြီးတက်လာပြန်တော့
ပြည်တွင်းစစ်ငြိမ်းပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ခဲ့တာ
အခုတော့ မြန်မာပြည်ရဲ့ငြိမ်းချမ်းရေးက
ပဲလွှာကြားမှာ ဆားညှပ်နေသလိုဘဲ
ဘွားတော်ကြီးရယ်
ဟုတ်မှလည်း လုပ်စမ်းပါအုံး
ဖုံးဖိထားပေမဲ့ ကုန်းကွကုန်းကွနဲ့
လုံးဝကျက်သရေတုံး။
 
မဟာမိတ် ညီနောင်အဖွဲ့ဆိုလား ဘာဆိုလား
AA ကို မဖိတ်လို့
(၂၁) ရာစု ပင်လုံညီလာခံကို မတက်ရောက်နိုင်ဘူး
ရှင်းရှင်းဘဲပြောလိုက်ပေါ့
အခုတော့ (Covid-19) ကို အကြောင်းပြ
ကိုဗစ်သာမရှိရင် AA မပါလည်း တက်မယ်ဆိုတဲ့သဘောလား
ခင်ဗျားတို့ရဲ့ Policy လား Diplomacy လား
ကျုပ်ကတော့ နားမလည်ဘူး
ဒါပေမဲ့ သဘောပေါက်တာတခုတော့ရှိတယ်
ထိုနည်းလည်းကောင်းတော့ မဖြစ်ပါစေနဲ့။
 
ကိုထူးထူးဟန်ပြောသလို
မြန်မာစစ်တပ်နဲ့တော့ ရင်ကြားစေ့ရေးလုပ်တယ်
တခြားတိုင်းရင်းသားတွေနဲ့
တင်ကြားစေ့ရေးလုပ်နိုင်တယ်
မကြိုက်ရင်လည်း
AA နဲ့ ဖင်ကြားစေ့ရေးလောက်တော့ လုပ်သင့်တာပေါ့။
 
အခုတော့ ဘွားတော်ကြီးရဲ့စိတ်ဓါတ်က
လူမျိုးရေးမုန်းတီးမှုဖြစ်နေပြီ။
ဘုန်းကြီးစာချ
သင်ပုန်းချေပါ
လက်စားမချေပါနဲ့
ခင်ဗျားဘဲပြောခဲ့တာလေ။
အခုလာမဲ့ရွေးကောက်ပွဲမှာ
ခင်ဗျားရဲ့ NLD
တချို့က မွတ်ဒေါင်းပါတီလို့ခေါ်ကြတယ်
မွတ်ဒေါင်းဘဲခေါ်ခေါ်
ဖွတ်ခေါင်းဘဲခေါ်ခေါ် ကိစ္စမရှိပါဘူး
အရေးကြီးတာက
ကြံ့ဖွတ်ကိုတောင် နိုင်မဲ့လက္ခဏာမရှိဘူး။
 
ခင်ဗျားရဲ့ အမာခံဒေါက်တိုင်
ထွန်းအိန္ဒြာဗိုလ်တောင်
ခင်ဗျားကို မထောက်ခံတော့ဘူး
ရှင်းရှင်းပြောရရင်
ဇာဂနာတောင် ခင်ဗျားကိုချဉ်နေပြီ။
 
ဒေါက်တာအေးမောင်ကို ထောင်ထဲထည့်ပြီး
ဒီမိုကရေစီသူရဲကောင်းလုပ်ပြတယ်ပေါ့
Scotlland နဲ့ Spain မှာ
သီးခြားလွတ်လပ်ရေးတောင်းနေတာ
မကြားဘူးလား။
အိပ်ချင်ယောင် ဆောင်မနေစမ်းပါနဲ့ ဘွားတော်ကြီးရယ်
ဒေါက်တာအေးမောင်က
အချုပ်အချာအာဏာအကြောင်းဘဲပြောတာ
ရခိုင်ပြည် သီးခြားလွတ်လပ်ရေးတောင်းနေတာမဟုတ်ဘူး
အချုပ်အချာအာဏာဆိုတာ
ခင်ဗျားတို့ ဗမာတခုတည်းကဘဲ ပိုင်တယ်လို့ မှတ်နေသလား
သီပေါမင်းကို အင်္ဂလိပ်တွေ ဆုံးမလိုက်တုန်းက
မြန်မာတွေရဲ့အချုပ်အချာ
ဘယ်များနာသွားသလဲ။
 
အဖေချုပ်တဲ့ ပင်လုံစာချုပ်
လက်နှီးစုတ်လောက် တန်ဘိုးမရှိတော့ဘူး
သမီးချုပ်တဲ့ ပင်လုံစာချုပ်
ထပိန်စုတ်ဘဲဖြစ်သွားမလား
မျက်လှည့်ပွဲကြည့်နေရသလို
ရင်ဖိုလိုက်တာ။
 
"အမေစု" "အမေစု" နဲ့
အခုတော့
"လေအု" သွားပြီ..။
 
သာလှဧူး (မြောက်ဧူး)
Oct 8, 2020

No comments: