Saturday, February 20, 2021

တောက်ကျာဆောင်း

တောက်ကျာဆောင်း
============


သတ္တိဟိကေ
ဒူးမထောက်ကဲ့ --။

ဒူးထောက်လားခပြီးမှ
ခြင်ထောင်ထဲက
ပစိကိုက်မပြကဲ့ --။

ကတိုးစီးကေလည်းစီး
အဖိုးအခပီးခ --။

ကတိုးလည်းစီး
အဖိုးအခ မပီး --။

တဖက်ကမ်းကိုရောက်စွာနှင့်
ရွာသူကြီးစတိုင်ဖမ်း
နှခွမ်းစူစူ ၀မ်းချေပူလို့
လူကြီးလူကျယ် တတိုင် --။

တော်လှန်ရီးလုပ်တေဆိုပြီးမှ
ဂုတ်ကျနီရေ တတိုင် --။

တော်လှန်ရီးလုပ်တေဆိုပြီးမှ
မျက်နှာလို မျက်နှာရ
သွားဖြဲပြနီရေ တတိုင် --။

ဓမြကို ရှိနီလိုက်
ဦးခိုက်နီရေ တတိုင် --။

ပုတီးစိတ်ကေ စိတ်မရ
ဒေါသထွက်တေ --။

ပေါက်ဆိန်ကျော်သန်းကို သတိရ
နောက်တခေါက်ပြန်လာစီချင်ရေ --။

အနိစ္စ ဒုက္ခ အနတ္တ
ဝိပဿနာရှုမရ
ဒေါသက
လိပ်ဂေါင်းပိုင်ယှောင်ထွက်တေ --။

ရခိုင်သားတိ
တတိုင်သား ဒုက္ခရောက်နီစွာ
သာဓုခေါ်မနီကဲ့ --။

အမှတ်သည်းခြီမဟိ
အပိုင်းပိုင်းပြတ်လားခစွာကိုမိ
မင်းလိုင်စိကို ခဲဝါဆွဲဖို့ကန်နီယာ --။ ။

သာလှဧူး (မြောက်ဧူး)
February 15, 2021 (တလင်္လာနိ)
 

No comments: