Saturday, February 20, 2021

တော်လှန်ရီး

တော်လှန်ရီး
======


ရခိုင့်တော်လှန်ရီးနိ
ကျင့်ပဝန့်ရေလူမဟိ
လဒမှိုင်နိမှာ
အခြင်းကြီးချငိုလို့
အမောင်ရခိုင်သား
ကောင်းကောင်း ဝမ်နည်းရေလား --။

မျက်နှာဖုံပြာနှင့်
ဂုတ်ကျလို့
ရိနာလိုက်တေ ကြက်ပိုင်ယှောင်
ခပြားသတ်ပစ်လိုက်ချင်ရေ --။

တော်လှန်ပါရေဆိုခါမှ
ချလုံ့တုံလို့
စားပါလီဖိသကာ --။

ကျွန်သက်တမ်းကို
ဂုဏ်ယူဝမ်းမြောက်စွာနှင့်
အထိမ်းအမှတ်ပြုလုပ်ကျင့်ပ --။

ရခိုင်သားမှာ တည့်တည့်မကျ
ချော်ကျ --။

ထိုင်းနိုင်ငံမှာ မြင်လိုက်ရရေ
တတိုင်သားက ကလို့ခုန်လို့
ဗုံတိတီးလို့ နှဲမှုတ်လို့ --။

ကနေဒါမှာ မြင်ရပါသည်
သဘောက်ဖျာထက်
ငုတ်စုတ်ကေ ထိုင်လို့ --။

ဘင်္ဂလားမှာ မြင်ရပါသည်
သျှင်ပြုပွဲကြီး ကျင့်ပလို့ --။

အမောင်ရခိုင်သား
ဇာမှားနီလဲ --။

တော်လှန်ရီးနိဆိုကေ
အထုပ်ပင်ထမ်းထမ်း
ဂျွန်းပင်စိုက်စိုက်
နောက်ကလိုက်ဖို့ --။

ကျင်ကွင်းပိုင်ယှောင်
လောကျိတ်လို့လည်း ကဖို့
မိုးတလင်း ကဖို့ --။

ဇန္န၀ါရီလ (၁) ရက်နိ
"ရခိုင့်တော်လှန်ရီးနိ" ကိုရောက်တိုင်း
ရက္ခိတသွီး ရခိုင်သွီးရို့
ရခိုင်ပြည်ကြီး
လွတ်လပ်ရီးတွက်
ဘုမ္မိနက်သန် တိုင်းနိုင်ငံတွက်
နိုင်ငံတော်အောင်လံကိုရွှင့်
နိုင်ငံတော်တေးခြင်းကိုဆို
မင်္ဂလာဟိရေနိ မင်္ဂလာမိုးထသားမှာ
ကောင်းခင်ပြာကို မျက်နှာပြု
အောင်ဆုပန်ကာ အောင်ပါစီကြောင်း
ဗြိန်းစောင်းသံဟီး
စည်တော်တီးလို့
ရခိုင်သွီးကိုပြကတ်လီ --။ ။

မင်းဗာကြီး (ရခိုင်ပြည်)
Februay 13, 2021 (စနီနိ)
 

No comments: